ရိုးရာအစားအစာများ
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၁။ အမဲသားခြောက် (၂၀) သား
၂။ ဖက်ဖယ်ရွက် (၂) စည်း
၃။ ပင်စိမ်း (၁) စည်း
၄။ ရှမ်းနံနံ (၁) စည်း
၅။ ဂျင်း အနည်းငယ်
၆။ ကြက်သွန်ဖြူ (၃) မွှာ
၇။ ငရုတ်သီးစိမ်း (၁၅)တောင့်
၈။ ဆား အနည်းငယ်
၉။ မှည့်လိမ်ဖက် (၃) ဖက်
၁၀။ ဆီ အနည်းငယ်
အမဲသားကို ပါးပါးလေးလှီးပြီး ဆားဖြင့်နယ်၍ (၁၅) မိနစ်လောက်ထားရပါမည်။ ဆားဖြင့်နယ်ထားစဉ်အတွင်း ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်းကို ညက်အောင်ထောင်းရပါမည်။ ဖက်ဖယ်ရွက်၊ ပင်စိမ်း၊ ရှမ်းနံနံကိုလည်း အနေတော်လှီးပြီး အနည်းငယ်ထောင်းရပါမည်။ အားလုံးထောင်းပြီးပါက အိုးထဲသို့ အမဲသားထည့်ပြီး ထောင်းထားသည့်အရာတွေ အားလုံး ထည့်ရပါမည်။ ပြီးလျှင် မှည့်လိမ်ဖက်ထည့်ရပါမည်။ ထည့်ပြီးပါက ဆီအနည်းငယ်၊ ဆား အနည်းငယ်ထည့်ပြီး (၅) မိနစ်ခန့်နယ်ရပါမည်။ ထို့နောက် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ် ထားရပါမည်။ ရေအနည်းငယ်ခန်းသွားပါက အနံ့အရသာနှင့်ပြည့်စုံသော ကချင်ရိုးရာဟင်း ကောင်းတစ်ခွက်ဖြစ်သည့် အမဲသားကချင်ချက်ကို ရရှိပြီဖြစ်ပါသည်။
တိုင်းရင်းသားများ၏ ရိုးရာအစားအစာများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ပွဲတော်များ နှင့် အထိမ်းအမှတ်နေ့များအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ လူမျိုးစားများ နှင့် နေထိုင်ရာ အရပ်ဒေသများအား လေ့လာသိရှိရန်ရန် ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် လေ့လာသိရှိရန်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အနေဖြင့်ဖော်ပြထားပါသည်။
ဆက်လက်ဖတ်ရှုပါရန်