ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 14
  • JUN

  • 14 June 2024
  • ရှမ်းပြည်နယ်

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ နှင့်သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်ခဲ့သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း (၃/၂၀၂၄) နှင့် အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ပါသည်။ ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာ၌ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း ၃ ကြိမ် နှင့်  အခြေခံကွန်ပျူတာသင်တန်း ၂ ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ (၁၀၀) ဦး တက်ရောက်ခဲ့ပါကြောင်း၊ ယခု ဖွင့်လှစ်ပေး ခဲ့သည့် သင်တန်းများသည် ရပ်ရွာအကျိုး၊ နိုင်ငံအကျိုးများကို အသေးအဖွဲ့မှအစ အကျိုးပြုနိုင် ပါကြောင်း၊  ကွန်ပျူတာသင်တန်းသည် အခြေခံဖြစ်သော်လည်း မိမိတို့ကိုယ်တိုင် လေ့လာသင်ယူ ကြရန်နှင့် အဆင့်မြင့်ကွန်ပျူတာစာရင်းကိုင်သင်တန်းများသို့ ဆက်လက်တက်ရောက်စေလို ကြောင်း၊ ယင်းသို့တက်ရောက်ခြင်းအားဖြင့် ဌာန/ကုမ္ပဏီများသို့ အလုပ်သွားရောက်လျှောက်သည့် အခါ မျက်နှာမငယ်ရပါကြောင်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းနှင့် ပတ်သက်၍လည်း ၁လအတွင်း မိမိကိုယ်ကိုယ် မည်မျှတတ်မြောက်နေပြီဖြစ်သည်ကို သုံးသပ်ပြီး အသက်မွေးဝမ်းကျောင်း အတွက် အထောက်အကူပြုနိုင်သည်အထိ ဆက်လက်လေ့လာရန်လိုပါကြောင်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းကို အကြောင်းပြု၍ စက်များ၏ လည်ပတ်မှုအနေအထားကို လေ့လာခြင်းဖြင့် ကျွမ်းကျင်ပညာရှင်များဖြစ်လာနိုင်ပါကြောင်းနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားရမည် ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက အမှာစကားပြောကြားရာ တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိုအဓိကဆောင်ရွက်သည့် ဌာနဖြစ်ပါကြောင်း၊ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးစံတို့ကို မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးသည့်ဌာနဖြစ်ပါကြောင်း၊  ဤသင်တန်းစင်တာသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်ရခြင်း ဖြစ်ကြောင်း၊  မဲခေါင်မြစ်စီးဆင်းရာလမ်းကြောင်းရှိ ရှမ်းပြည်နယ်မှ ဒေသခံတိုင်းရင်းသားများအား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ပြီး  သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ မော်တော်ဆိုင်ကယ် သင်တန်းများကို ဖွင့်လှစ်လျက်ရှိရာ မွမ်းမံသင်တန်းကို ဆက်လက်ဖွင့်လှစ်ရန် ရည်ရွယ်ထားပါကြောင်း၊ ဖွင့်လှစ်ပြီးစီးခဲ့သည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းများသို့ တက်ရောက်ခဲ့သည့် သင်တန်းသား များအနေဖြင့် အချို့မှာ ကိုယ်ပိုင်ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်နိုင်ခြင်းနှင့် အချို့မှာ ကိုယ်ပိုင် ဆိုင်မဖွင့် နိုင်သော်လည်း မိမိတို့ရပ်ရွာအတွင်းရှိ ဆိုင်ကယ်များအား ပြင်ဆိုင်ပေးနိုင်ခြင်းတို့ ဆောင်ရွက်နိုင်သည်ကို သိရှိရပါကြောင်း၊ အခြေခံကွန်ပျူတာသင်တန်း တက်ရောက်ပြီးသူများအနေဖြင့်လည်း အခြေခံတတ်မြောက်ထားသည့်အတွက် အလုပ်လျှောက်ထားရာတွင် လွယ်ကူမှုရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ ငယ်ရွယ်စဉ်သင်ကြားခဲ့သည့် အတတ်ပညာမှန်သမျှကို မမေ့လျော့သင့်ကြောင်း၊ ကွန်ပျူတာမရှိသော်လည်း ဖုန်းဖြင့် ဆက်လက်၍ လေ့လာ၍ ရပါကြောင်းနှင့် အတွေ့အကြုံက ပိုမိုကောင်းမွန်စွာ တတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ အဆိုပါ သင်တန်းများကို (၉-၅-၂၀၂၄)ရက်နေ့မှ (၉-၆-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး  ရှမ်းပြည်နယ် အတွင်းရှိ  ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ လားဟူ၊ ကရင်၊ ကချင် စသည့် တိုင်းရင်းသား မျိုးနွယ်စုမှ သင်တန်းသူ/သား(၄၀)ဦးတို့ တက်ရောက်သင်ကြားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 12
  • JUN

  • 12 June 2024
  • ပဲခူးတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို ၆-၆-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာအုပ်စု၊ ညောင်အင်းကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး  ဒေါ်ခိုင်ရွှေဝါက အဖွင့်အမှာစကားပြောကြားခြင်း၊ အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊  တိုင်းရင်းသားများ၏ အမည်နာမရှေ့၌ ဝိသေသရှေ့ဆောင်စကားလုံးထည့်သွင်းရေးကိစ္စ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာဥပဒေ အစရှိသည့်ကိစ္စရပ်များအား ရှင်းလင်းပြော ကြားခဲ့ပါသည်။ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက အမျိုးသမီးရေးရာကဏ္ဍ၊ ကလေးသူငယ်ကဏ္ဍများအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေ (၅)ရပ်နှင့် ဌာနမှ စီမံဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပဲခူးမြို့နယ်အားကစားမှူး ဦးဝင်းကျော်က လူငယ်ရေးရာ အားလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ညောင်အင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ရွှင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ရာ  ဒေသခံတိုင်းရင်းသား(၈၀)ဦးတို့က စစ်တမ်း မေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JUN

  • 10 June 2024
  • ကရင်ပြည်နယ်၊ ဘားအံ

မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆုပေးပွဲ အခမ်းအနားကို (၃၀.၅.၂၀၂၄)ရက်နေ့၊ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ဒေါ်လန်းကျွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ ဒေါ်ရီရီဝင်းနှင့် အရာထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ ဒေါ်ရီရီဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/ သူများအား မိမိတို့ရဲ့စာပေ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တန်ဖိုးထားတတ်စေရန်၊ နယ်မြေဒေသအသီးသီးတွင် မွန်စာပေနှင့်ယဉ်ကျေးမှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုးဆက်သစ်မွန်တိုင်းရင်းသား ကလေးငယ်များအား မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်း ဆုပေးပွဲအခမ်းအနားအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၈၀)ကျော် တက်ရောက်ခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JUN

  • 10 June 2024
  • ကရင်ပြည်နယ်

ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို (၃၀.၅.၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊  ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ၊ ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊   ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ သင်တန်းသား/သူများ  တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/ သူများအား မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရေး စာပေ၊ ဘာသာစကား၊ ထွန်းကားပြန့်ပွါးရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကောမပျောက်ပျက်အောင် ထိန်းသိမ်းကြစေရန်နှင့် တိုးတက် မြှင့်မားအောင် ထိန်းသိမ်းရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုစာပေ သင်တန်း ကျင်းပပြုလုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံ့ကူညီငွေကျပ်သိန်း (၁၅၀)အား ပေးအပ်ချီးမြှင့်ခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ဝင် ဦးစိုင်းလှထွန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းရိုးရာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ပါသည်။အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၆၀)ကျော် တက်ရောက်ခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • JUN

  • 10 June 2024
  • ကရင်ပြည်နယ်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊       ညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း ကရင်ပြည်နယ်အစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ၃-၆-၂၀၂၄ ရက်နေ့တွင် "အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနား" ကို ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးက အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းများမှ  တဆင့် တစ်ရွာတစ်မျိုးထုတ်ကုန်များ၊ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင် နိုင်သည်အထိ တိုင်းရင်းသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းစေရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ထို့နောက် သင်တန်းအတွက်လိုအပ်သော ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။ သင်တန်းကို (၃-၆-၂၀၂၄) ရက်နေ့မှ (၇-၆-၂၀၂၄) ရက်နေ့အထိ သင်တန်းသား / သင်တန်းသူ (၂၀) ဦးအား (၅)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ပြီး ဘက်စုံသုံးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာအကြည်ခဲ၊ Scrub စသည့် ဆပ်ပြာအမျိုးမျိုးထုတ်လုပ်မှုနည်းပညာရပ်များကို သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • JUN

  • 06 June 2024
  • တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ တိုင်းရင်းသားများက စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပါသည်။အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်း မှီတင်း နေထိုင်လျက်ရှိသော ကရင်၊ မွန်၊ ထားဝယ်၊ မော်ကယ်(ဆလုံ)စသည့် ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေး နစ်နာဆုံးရှုံးမှုများ၊ လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးနိုင်ရေးနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသား များ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း၊ အဖွဲ့များမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ ကိုးကွယ်သည့် ဘာသာသမိုင်း အမွေအနှစ်တို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘဏ္ဍာ ရန်ပုံငွေကို သာမာန်အသုံးစရိတ်တွင် ၃၈၂ သန်းကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ငွေလုံးငွေရင်း အသုံး စရိတ်တွင် ကျပ်သန်း ၂၅၀ လျာထားထည့်သွင်းပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအထောက်အကူပြု ဆရာ/ဆရာမများ (Teaching Assistant - TA)နှင့် တိုင်းရင်းသားစာပေသင်ဆရာ/ဆရာမများ (Language Teacher - LT) ကို ခန့်အပ်ရာတွင် အထောက်အကူပြု သင်တန်း/ဆွေးနွေးပွဲတက်ရောက်ပြီးမှသာ ခန့်ထားသည့် ပညာရေးဝန်ကြီးဌာန၏ မူဝါဒအရ တိုင်းရင်းသားဘာသာစာပေသင်ဆရာ/ဆရာမများအနေဖြင့် သင်တန်းများ မပျက်မကွက် တက်ရောက်နိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်ပေးစေကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားကိုယ်စားလှယ်များက မိမိဒေသ၊ မိမိရပ်ရွာ တည်ငြိမ်အေးချမ်းရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိ၏ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းမြှင့်တင်ရေးကိစ္စရပ်များ၊ ဒေသအသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များနှင့် လိုအပ်ချက် များကို ဝိုင်းဝန်းဆွေးနွေးကြရန် လိုအပ်ကြောင်း၊ ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်ကောင်းများကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့၏ ရပ်ရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်း စဉ်များတွင် မိမိတို့အနေဖြင့် ကျရာအခန်းကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးတိုင်းရင်းသားကိုယ်စားလှယ် ဦးတင့်လွင်က ဒေသခံတိုင်းရင်းသား များ၏ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားများက ပြည့်ရတနာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာသော တိုင်းရင်းသား ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ထားဝယ်၊ မော်ကယ် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များတို့က တိုင်းရင်းသားဒေသဖွံ့ဖြိုးကဏ္ဍ၊ တိုင်းရင်းသား ဒေသများတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ တိုင်းရင်းသားများ၏ သက်မွေးဝမ်းကျောင်းပညာရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အုပ်စုများဖွဲ့၍ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • JUN

  • 06 June 2024
  • တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသခံတိုင်းရင်းသားများ၏လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံရခြင်း ဖြစ်ကြောင်း၊ ယခုတွေ့ဆုံမှုသည် ဒုတိယကြိမ်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားရေးရာ ကိစ္စရပ် များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကအားဖြင့် ဆောင်ရွက်ပေးသည့်နေရာတွင် နယ်မြေဒေသ အေးချမ်းမူအပေါ် မူတည်၍ ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းသားများ၏ လိုအပ်ချက်များ တင်ပြလာမှုအပေါ်တွင်လည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်ထုတ်လမ်းများ၊ တာတမံများအပါအဝင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်များရှိကြောင်း၊ ဘန်းချောင်းဒေသတွင် ဒေသဖွံ့ဖြိုရေးဖြစ်သည့် လမ်း၊ လျှပ်စစ်မီးများ ကြိုးစား ဆောင်ရွက်ထားသော်လည်း ယခုအခါတွင် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စတင်တာဝန်ယူစဉ်က ဖောင်းတောဒေသ၌ ဒေသခံတိုင်းရင်းသားများ သွားလာရေး အဆင်ပြေစေရေးအတွက် လမ်းများဖောက်လုပ်ထားပြီး ဖောင်းတောရေအားလျှပ်စစ် ပြန်လည် လည်ပတ်အောင် ဆောင်ရွက်ပြီး ဒေသအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ သက်သာသော ဈေးနှုန်းများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်အခါ သည် ဒေသအတွင်း လျှပ်စစ်မီးလုံလောက်စွာနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အချိန်အခါဖြစ်ကြောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန် ရှိသူများတို့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ထို့နောက် မွန်၊ ကရင်၊ ထားဝယ်၊ မော်ကယ် တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များတို့က လမ်း၊ တံတား၊ တာတမံ၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး၊ ဆိုလာမီး၊  အဆောက်အဦ၊ ထောက်ပံ့ရေး၊ သားငါးသီးနှံကဏ္ဍ၊ စာသင်ကျောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 31
  • MAY

  • 31 May 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)တွင် အကမွမ်းမံသင်တန်း (၁/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၇-၅-၂၀၂၄)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ကပွဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစန်းလှိုင်၊ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန(ရုံးချုပ်)မှ အကနည်းပြများနှင့် အကသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။  သင်တန်းဖွင့်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားချစ်မြတ်နိုးတတ်စေရန်၊ ရိုးရာအကများကိုလည်း မိမိတို့ တိုင်းရင်းသားအလိုက် ဖော်ထုတ်ထိန်းသိမ်းတတ်စေရန်၊ အကနည်းပြ ဆရာ/ဆရာမများ၏ သင်ကြားပို့ချမှုများကို စနစ်တကျလိုက်နာတန်ဖိုးထား လက်ဆင့်ကမ်း ကြိုးစားစွမ်းဆောင်ကြရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထာဝစဉ် အလေးထားဆောင်ရွက်သွားကြစေလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံအရာရှိ ဦးစန်းလှိုင် က အကမွမ်းမံသင်တန်းဖွင့်လှစ်ရခြင်းမှာ ရိုးရာအကများသင်ကြားရာတွင် ရိုးရာစံသတ်မှတ်ချက် (Traditional Norm) မကျော်စေရန်၊ တိုင်းရင်းသားရိုးရာဝတ်စုံများကိုလည်း ခေတ်အလိုက် (National Costume)ကို သတ်မှတ်ချက်အတိုင်း တိကျစွာ ဝတ်စားဆင်ယင်ပြီး ပွဲထွက်ကပြရန်နှင့် ခေတ်မီတီထွင်ဆန်းသစ်သော အကများဖြစ်ပြီး ရိုးရာယဉ်ကျေးမှုနှင့် မဆန့်ကျင်ရန်လိုအပ်ကြောင်းကို အထူးအလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် အခမ်းအနားတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်)မှ အက နည်းပြများက ရုပ်သေး(မင်းသား၊ မင်းသမီး)အက၊ ဇော်အကနှင့် မှုံရွှေရည်အက စသည့် ရိုးရာအက (၃)ပုဒ်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က အကနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 31
  • MAY

  • 31 May 2024
  • ကရင်ပြည်နယ်၊ ဘားအံ

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြား ရေးမှူးရုံးမှဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေး‌ဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးလူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲအခမ်းအနား” ကို (၂၇.၅.၂၀၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဝင်းကျန် ကျေးရွာ၊ ရွာလယ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ/ နည်းဥပဒေများနှင့် ဦးစီးဌာန၏ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ရှေ့ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းက တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teacher Assistant (TA)နှင့် Language Teacher (LA) များ ခန့်ထားမှုကိစ္စများ၊ ဦးစီးဌာန၏ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ရှေ့ဆောင်ရွက်မည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ဦးက ဗလငါးတန် ဖွံ့ဖြိုးစေရေး လူငယ်ရေးရာကိစ္စ ရပ်များ၊ စာပေဖတ်ရှုခြင်းနှင့်လူငယ်၊ စာရိတ္တနှင့်လူငယ် စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၂) ဦးဝင်းတင်က ကျေးလက်ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ် များ၊ တိုင်းရင်းသားလူငယ်များ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးစေရေး ကိစ္စရပ်များအားလည်းကောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောဥမ္မာက ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ လူမှုရေးပင်စင်များ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကိစ္စရပ်များအား လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိက ပတ်ဝန်းကျင်စီမံ   ခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ သဲကန္တာရဖြစ်ထွန်းရသည့် အကြောင်းတို့ကို   လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဒေါ်နော်သြလျဖော် က လူငယ်နှင့် အားကစား၊ အားကစားနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံထက်က တိုင်းရင်းသား လူမျိုးများ၏ ဝိသေသရှေ့ဆောင်အမည်နာမများထည့်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးကာကွယ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းကိစ္စများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းများကို ကောက်ယူ ခဲ့ရာ ဒေသခံတိုင်းရင်းသား (၁၀၀)ဦး ဖြေဆိုခဲ့ပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ/ နည်းဥပဒေစာအုပ်များ၊ လက်ကမ်း စာစောင်များနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 31
  • MAY

  • 31 May 2024
  • ကချင်ပြည်နယ်

မြစ်ကြီးနားခရိုင်၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်း၍ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်ရှိ စာသင်ဆောင်ခန်းမ၌ မေလ ၂၇ ရက် နံနက်၈ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ထက်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေးက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ထို့နောက် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း၊ ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ)က "အနာဂတ်အတွက် စာဖတ်ပါ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး  အဆိုပါပညာရေးဒီဂရီကောလိပ်စာကြည့်တိုက်အတွက် သုတရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကာ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ဟောပြောပွဲတွင် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတာဝန်ရှိသူများ၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု Teaching Assistant (TA)နှင့် တိုင်းရင်းသားဘာသာစာပေသင် Language Teacher (LT)ဆရာဆရာမများ စုစုပေါင်း(၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 31
  • MAY

  • 31 May 2024
  • မွန်ပြည်နယ်

မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့မှ ဦးဆောင်၍ (၂၅) ကြိမ်မြောက် ငွေရတုသဘင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မေလ(၂၆)ရက်နေ့တွင် သံဖြူဇရပ်မြို့၊ ရာမည နိကာယ ဟံသာထောကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်အသီးသီးမှ  သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ရန်ပုံငွေကျပ်သိန်း(၃၁၀)အား စီးပွားရေးရာဝန်ကြီးမှ နာယက ဆရာတော်ထံ ပေးအပ်ခဲ့ပြီး ထူးချွန်ဆုရ သင်တန်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • MAY

  • 28 May 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦီးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၂၀-၅-၂၀၂၄) ရက်နေ့တွင် ကွမ်းခြံကုန်းမြို့နယ်၊ ထင်းပုံကျေးရွာ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူရခြင်း အကြောင်း အရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူရက  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊  နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုဇယား ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေ၊ ပန်းခင်း စီမံချက်ဆောင်ရွက်မှုအခြေအနေ၊ တိုင်းရင်းသားလူငယ်များ ကျောင်းစတင်အပ်နှံချိန်မှစ၍ မိမိတို့ လူမျိုးများ၏ ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်ထည့်သွင်း၍ ကျောင်းအမည်စာရင်းသွင်းရန် အကြောင်းတို့ကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအိအိအောင်က အမျိုးသမီးများအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ လူမှုရေးပင်စင်အကြောင်းတို့ကိုလည်းကောင်း၊  သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းအိမွန်က သမဝါယမဝန်ကြီးဌာန၏ သမဝါယမ အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇော်ထွန်းက ပုံပြပုံပြင်စာအုပ် ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအကြောင်း၊ Teaching Assistant (TA)နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများအကြောင်းတို့ကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာကြသူ (၆၀)ဦး ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 28
  • MAY

  • 28 May 2024
  • ကရင်ပြည်နယ်၊ ဘားအံ

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို (၂၀-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိ၊ ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းမှ သင်တန်းသား/သူများ  တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/ သူများအား မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရေး စာပေ၊ ဘာသာစကား၊ ထွန်းကားပြန့်ပွါးရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေ ကျပ်သိန်း (၁၅၀)တိတိအား ကရင်ပြည်နယ် ဝန်ကြီးချုပ်မှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးခွန်မင်းအောင်အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။အခမ်းအနားကို စုစုပေါင်းလူဦးရေ(၁၅၀)ကျော် တက်ရောက်ခဲ့ပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • MAY

  • 27 May 2024
  • ပဲခူးတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောပွဲနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်" ကို ၁၇-၅-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဝင်္ဂဘော်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ  ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အခန်းကဏ္ဍများ၊  ဒေသခံ တိုင်းရင်းသားတို့၏ အသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက်ဆိုင်ရာ လက်ရှိအခြေအနေမှန်ကို သိရှိရန် စစ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး (ဥပမာ ကျေးလက်လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ဆေးပေးခန်း၊ စာသင်ကျောင်း) တို့အတွက် လိုအပ်ချက်များရှိပါကတင်ပြပေးကြရန် လိုအပ်ပါကြောင်း၊ တင်ပြပေးမှသာလျှင် လိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအကြောင်းကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက လူမှုဝန်ထမ်းဦးစီးဌာနမှ စီမံဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဌေးက စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပဲခူးခရိုင် အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်းက လူငယ်ရေးရာနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တားမြစ် ချက်များနှင့် ပြစ်ဒဏ်များ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း  အသီးသီးဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယက စောကာကာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ဆက်လက်၍  ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၈၀)ဦး ဖြေဆိုခဲ့ကြပါသည်။ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါက အသိပညာပေး ဟောပြောပေးကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များနှင့် ဒေသခံတိုင်းရင်းသားများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ အခမ်းအနား ကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဝေဂံ၊ ဒေသခံတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 27
  • MAY

  • 27 May 2024
  • ရန်ကုန်တိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်ဆောင်ရွက်သည့် “အခြေခံကွန်ပျူတာသင်တန်း” ဖွင့်ပွဲအခမ်းအနား ကို (၁၇-၅-၂၀၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၌  ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးစိုင်းကျော်ထူးက သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး စုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး  ဦးစောဂျက်ကော့ထူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုက်ကြီးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဌ ဦးစိုင်းကျော်ထူးနှင့် အဖွဲ့ဝင်များ၊  သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့် ဆရာ၊ ဆရာမများ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်