ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

10 SEP

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

  • ရန်ကုန်မြို့
  • 10 September 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအား နှစ်တို/နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများ ဖိတ်ခေါ်ရှင်းလင်းတင်ပြခြင်း (Expression of Interest - EOI) ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ ပါသည်။

ဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်၊ အများပြည်သူများ စိတ်ချမ်းမြေ့စွာ လာရောက်အပန်းဖြေနိုင်ရန်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို တစ်နေရာ တည်းတွင် တစုတစည်းတည်းလေ့လာနိုင်ပြီး ပိုမိုထိန်းသိမ်းစောင့်ရှောက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျေးရွာအတွင်းရှိ မြေနေရာအချို့နှင့် အဆောက်အဦအား နှစ်တို/ နှစ်ရှည်ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် စိတ်ဝင်စားသည့် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest - EOI) ကို ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှစ၍ စတင်ဖိတ်ခေါ်ခဲ့ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ယခုစိတ်ဝင်စားသူများ ဖိတ်ခေါ်ရှင်းလင်းတင်ပြခြင်းအပေါ် နိုင်ငံတော်နှင့်အများပြည်သူအတွက် အကျိုးရှိစေမည့်လုပ်ငန်းများကို ပွင့်လင်းစွာ ဆွေးနွေး တင်ပြစေလိုပါကြောင်း ပြောကြားပါသည်။

ယင်းနောက်၊ တက်ရောက်လာကြသည့် တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီများ၏ တာဝန်ရှိသူများက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း အများပြည်သူ စိတ်ဝင်စားမှုပိုမိုရရှိလာစေရန်နှင့် စိတ်ချမ်းမြေ့စွာပိုမိုလာရောက်အပန်းဖြေနိုင်ရန်အတွက် ၎င်းတို့ဆောင်ရွက်လိုသည့် လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက တင်ပြမှုများအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။