ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

27 FEB

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာဟောပြောခြင်း

  • နေပြည်တော်
  • 27 February 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာဟောပြောခြင်းအခမ်းအနားကို ယနေ့ညနေပိုင်း၌ ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာများကို Power Point ဖြင့် ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်အလံ၏ အတိုင်းအတာများ၊ အဓိပ္ပာယ်များကိုလည်းကောင်း၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတော် အလံဥပဒေ၊ နည်းဥပဒေများနှင့် ဥပဒေ၊ နည်းဥပဒေပါ လိုက်နာရန်အချက်များ၊ တားမြစ်ချက်နှင့်ပြစ်ဒဏ်များကိုလည်းကောင်း၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတော်အလံ သမိုင်းကြောင်းများကိုလည်းကောင်း၊ နိုင်ငံတော်အလံအလေးပြုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။