ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

26 JUN

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေး

  • နေပြည်တော်
  • 26 June 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်ဥပဒေအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပေါ်ပေါက် လာပုံနှင့်  လုပ်ငန်းတာဝန်များ၊ ဝန်ကြီးဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ မူဝါဒနှင့် ဖွဲ့စည်းပုံ တို့ကို  ကျယ်ပြန့်စွာ ရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်သည့်ဥပဒေကို ခေတ်ကာလနှင့်အညီ ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ ဆရာမများ(TA/LT) တိုးမြှင့်ခန့်ထားခြင်း၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာများ တည်ဆောက်ဖွင့်လှစ်ခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ဘဏ္ဍာနှစ်အလိုက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာ သဘောထားမှတ်ချက် ပြန်ကြားခြင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းစသည့် ကိစ္စရပ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ တစ်ဦးချင်း အရည်အသွေးမြှင့်တင်ရေးအတွက် ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။