ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

26 JAN

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများနှင့်တွေ့ဆုံ

  • ရန်ကုန်
  • 26 January 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လယ်ပိုင်း၌ ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများနှင့်တွေ့ဆုံခဲ့ပါသည်။

 ရှေးဦးစွာ ဒုတိယဝန်ကြီးက တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ ဆောင်ရွက်သွားရန်၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များ အနေဖြင့် မိမိတို့အသင်းများ၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဉပဒေဘောင်အတွင်း၌ ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားရေးရာနှင့်ဖယ်ဒရယ်စနစ် အကြောင်းအရာများ၊ရွေးကောက်ပွဲအကြောင်းအရာများနှင့် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် မဲပေးဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုကြီးကြပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုကော်မတီများနှင့် တာဝန်ရှိသူများက လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအား တိုင်းရင်းသားရေးရာ ကိစ္စများတွင် ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးဇော်အေးမောင်နှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။