တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး (၂၉)ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ချင်းပြည်နယ်မှ လူမှုရေးရာဝန်ကြီးက Video Conferencing ဖြင့် တက်ရောက်ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် ဥပဒေအရ ဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ မျှော်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် မိမိတို့၏လိုအပ်ချက်များ၊ ပံ့ပိုးဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်ဖွင့်လှစ်ခြင်းကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဆိုင်ရာ သဘောထားမှတ်ချက်ပြန်ကြားခြင်းကိစ္စရပ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးစုအချင်းချင်း ရိုးရာယဉ်ကျေးမှုများ နှီးနှောဖလှယ်နိုင်ရေးအတွက် အပြန်အလှန် လေ့လာရေးခရီးစဉ်များ၊ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (Teaching Assistant - TA ၊ Language Teacher – LT) များ ခန့်ထားခြင်းကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။ ၎င်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး (၂၉)ဦးနှင့် ချင်းပြည်နယ်မှ လူမှုရေးရာဝန်ကြီးတို့က မိမိတို့ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား အသီးသီးဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး အစည်းအ‌ဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်မောင်လှိုင်၊ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမြင့်နိုင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ခွန်မြတ်ထူး၊ တာဝန်ရှိသူများနှင့်အတူ မေလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် ဘားအံမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲ မူလလက်ရာကို မထိခိုက်စေရန် အထူးသတိပြု ဆောင်ရွက်ကြရန်နှင့် စည်းမျဉ်းများသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မကြာမီကာလအတွင်း တိုင်းရင်းသားများအချင်းချင်း ပိုမိုစည်းလုံး ချစ်ကြည်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားများကိုဖိတ်ခေါပြီး ပြည်တွင်းလေ့လာရေးခရီးစဉ်နှင့် တွေ့ဆုံပွဲများကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒွန်တွဲလျက်ရှိသဖြင့် မိမိတို့ ပြည်နယ်၊ ဒေသတည်ငြိမ်အေးချမ်းအောင် တိုင်းရင်းသားများအနေဖြင့် ယခုအစိုးရသစ်နှင့် အတူတကွ လက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ယခင်ကထက်အရှိန်တိုးမြှင့်ကာ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူများပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာတင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ကရင်၊ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ရှမ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ တိုင်းရင်းသားဘာသာစာပေသင် (TA/LT) ဆရာ၊ ဆရာမများ ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော် ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာကြိုးစားဆောင်ရွက်သွားကြရန်မှာကြားလိုပါကြောင်း ပြောကြားခဲ့ပြီး တာဝန်ခံညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးချစ်သိန်း၊ တာဝန်ရှိသူများနှင့်အတူ မေလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲ မူလလက်ရာကို မထိခိုက်စေရန် အထူးသတိပြု ဆောင်ရွက်ကြရန်နှင့် စည်းမျဉ်းများသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစု တိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ပူးပေါင်းပြီး Documentary များရိုက်ကူးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မကြာမီကာလအတွင်း တိုင်းရင်းသားများအချင်းချင်း ပိုမိုစည်းလုံးချစ်ကြည်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ တိုင်းရင်းသားများကိုဖိတ်ခေါပြီး ပြည်တွင်းလေ့လာရေးခရီးစဉ်နှင့် တွေ့ဆုံပွဲများ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒွန်တွဲလျက်ရှိသဖြင့် မိမိတို့ ပြည်နယ်၊ ဒေသတည်ငြိမ်အေးချမ်းအောင် တိုင်းရင်းသားများအနေဖြင့် ယခုအစိုးရသစ်နှင့် အတူတကွလက်တွဲပြီး အားသစ်မာန်သစ်ဖြင့် ယခင်ကထက်အရှိန်တိုးမြှင့်ကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားပြည်သူများပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက်အောင်မြင်မည်ဖြစ် ပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာ မှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် မွန်၊ ကရင်၊ ပအိုဝ်းနှင့် ဗမာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ တိုင်းရင်းသားဘာသာစာပေသင် (TA/LT) ဆရာ၊ ဆရာမများ ကြုံတွေ့ရသည့်အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည်မှားယွင်းမှုနှင့် တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်း ပါရှိနိုင်ရေးကိစ္စများ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် ပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း အဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ကျေပွန်စွာကြိုးစားဆောင်ရွက်သွားကြရန်မှာကြား လိုပါကြောင်း ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးရုံး တာဝန်ခံများက လုပ်ငန်းဆောင်ရွက် နေမှုများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မော်လမြိုင်မြို့၊ မင်းရွာကျေးရွာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မွန်ပြည်နယ် တိုင်းရင်းသားယဉ်ကျေးမှုစင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပထမဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် မွန်၊ ကရင်၊ ဗမာနှင့် ပအိုဝ်း တိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်မှုများ၊ တူရိယာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် တိုင်းရင်းသားရိုးရာအသုံးအဆောင်များ စနစ်တကျခင်းကျင်းပြသထားရှိရန်၊ လာရောက်လေ့လာသည့်ပြည်သူများအား စနစ်တကျရှင်းပြတတ်စေရေး ဆောင် ရွက်ထားရှိရန် မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး မွန်တိုင်းရင်းသားလူမျိုးရိုးရာအိမ်၊ ကရင် တိုင်းရင်းသားလူမျိုးရိုးရာအိမ်၊ ဗမာတိုင်းရင်းသားလူမျိုးရိုးရာအိမ်နှင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးရိုးရာအိမ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ တိုင်းရင်းသားယဉ်ကျေးမှုစင်တာသည် မွန်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော မွန်၊ ကရင်၊ ဗမာနှင့် ပအိုဝ်း တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းများအား ပိုမိုထိန်းသိမ်းနိုင်ရန်၊ အများပြည်သူများ တစ်နေရာတည်းတွင် လာရောက်လေ့လာနိုင်ရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်ကာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေဖြင့် မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ မြေဧက (၂၀) ပေါ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ တာဝန်ရှိသူများနှင့်အတူ မေလ (၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲ မူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်းများသတ်မှတ် ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စား ဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ များနှင့် ပူးပေါင်းပြီး Documentary များရိုက်ကူးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေး အတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာ မှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များတို့နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းတို့က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း များကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။ ယင်းနောက် ကချင်၊ ကရင်၊ ဇိုတုန်(ချင်း)၊ ဟွာလ်ငို(ချင်း)၊ မရာ(ချင်း)၊ ဒိုင်(ချင်း)၊ ဗမာ၊ ထားဝယ်၊ မွန်၊ ရခိုင်၊ မြို၊ ခမီ ရှမ်း၊ ပအိုဝ်း၊ တအာင်းနှင့် ကိုးကန့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ တိုင်းရင်းသား ဘာသာစာပေသင်ကြားရေးဆိုင်ရာများ၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုး အမည် မှားယွင်းမှုကိစ္စများ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားများ၏ နေ့ထူး နေ့မြတ်ပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအားချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်၊ ရခိုင်ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ပုသိမ်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀) စီမံချက်ဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုများကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြု ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့နေရသည့်အခက်အခဲများကို ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်နှင့် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်တို့က အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။ ယင်းနောက် ကရင်၊ ချင်းနှင့် ရခိုင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ တိုင်းရင်းသားဘာသာစာပေသင်ကြားရေးဆိုင်ရာများ၊ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းမှု ကိစ္စများ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်ပွဲတော်ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင် နေသောဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြား ရာတွင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေး ရသည့်ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများအတွက် ဒေသနှင့်သင့်လျော်သည့် သင်တန်းများဖွင့်လှစ်ပေးပြီး ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရန်လိုပါကြောင်း၊ ဒေသခံလူငယ်များအား လူမှုဘဝဖွံ့ဖြိုးရေးသင်တန်းများဖွင့်လှစ် ပေးခြင်းသည် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ဒေသများတည်ငြိမ်အေးချမ်းမှ နိုင်ငံတော်အေးချမ်းမည်ဖြစ်ပြီး နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်သည့်လုပ်ငန်း တာဝန်များကို ကျေပွန်စွာကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ ပါသည်။ ယင်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး များက လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြရာ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် နေပြည်တော် ပျဉ်းမနားခရိုင်အတွင်းရှိ ကယန်း၊ ကရင်ဖြူနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်း၌ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံရာ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ယခုကဲ့သို့ ပျဉ်းမနားခရိုင်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက လာရောက်တွေ့ဆုံမှုကို အထူးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်သည် တိုင်းရင်းသားများ၏ စကား၊ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ပေးခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ တိုင်းရင်သားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဒေသ၏ အခက်အခဲ၊ လိုအပ်ချက်များကို ရင်းနှီး ပွင့်လင်းစွာ တင်ပြဆွေးနွေးစေလိုပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံး အချက်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင် ဖြစ်သဖြင့် နိုင်ငံတော်က ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် နည်းတူ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံးကလည်း အတူတကွ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်း ပါဝင်ကြိုးပမ်းဆောင်ရွက် ပေးကြရန်လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန် လေ့လာရေးခရီးစဉ်များ၊ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ၊ တိုင်းရင်းသား အဆို၊ အက၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာ မိတ်ဆုံစားပွဲ အစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြင့် ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းနိုင်ပြီး တိုင်းရင်းသားများအကြား ချစ်ကြည်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဒေသထွက်ကုန်များကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်နှင့်အညီ “One Village One Product” “ရပ်ရွာတစ်ခု ထုတ်ကုန်တစ်ခု” အစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရန် အားလုံးကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။ ထို့နောက် နေပြည်တော်ရှိ ကယန်း၊ ကရင်ဖြူနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များက တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် ဒေသလိုအပ်ချက် များကို လူမျိုးစုအလိုက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားပါသည်။ပြီးနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ ၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များအား နေလည်စာဖြင့် တည်ခင်းဧည့်ခံပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ခင်းကျင်းပြသ ထားသော တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများအား ကိုယ်စားလှယ်များက လေ့လာ ကြည့်ရှု ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
အိန္ဒိယနိုင်ငံ၊ ဘန်ဂလောမြို့နှင့် ဘူဘန်နက်ရှ်ဝါမြို့တို့တွင် ဧပြီလအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် “ဘင်းမ်စတက်(BIMSTEC) လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ်”သို့ တက်ရောက်ခဲ့သည့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ လူငယ်ကိုယ်စားလှယ်များ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ (၁၁-၅-၂၀၂၆) နံနက်ပိုင်းက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်း အနားသည် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း “ဘင်းမ်စတက် လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ်”သို့ တက်ရောက်ခဲ့ကြသည့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ လူငယ် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ မျှဝေရှင်းလင်းပွဲဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်ပခရီးစဉ် စေလွှတ်ခံရပြီး ပြန်ရောက်လာသည့်အခါ အတွေ့အကြုံ မျှဝေရှင်းလင်းသည့် အစဉ်အလာ ကောင်းများကို ဆောင်ရွက်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဖလှယ်ရေးအစီအစဉ် တက်ရောက်ခဲ့ကြသူများအနေဖြင့် မိမိတို့လေ့လာ သိရှိခဲ့ရသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဝေမျှရှင်းလင်းရုံမျှသာမက ကိုယ်တိုင်ထိုးထွင်းသိမြင်မှု၊ သုံးသပ်ဆင်ခြင်မှု၊ တီထွင်ဖန်တီးနိုင်မှု နှင့်ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ဖြင့် နိုင်ငံတကာမှ လူငယ်များနှင့်ဆက်ဆံရေး အခန်းကဏ္ဍများကို ပိုမိုမြှင့်တင်နိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခု တက်ရောက်လာသော ဝန်ထမ်းများအနေဖြင့်လည်း ယနေ့ ရှင်းလင်းပြောကြားသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဂရုပြုမှတ်သားလိုက်နာကြပြီး နောင်တစ်ချိန်တွင် ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ရွေးချယ် စေလွှတ်ခြင်းခံရပါက နိုင်ငံတကာနှင့်ရင်ဘောင်တန်း ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏ စွမ်းဆောင်ရည်များကို မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး မိမိတို့၏ အရည်အချင်း၊ အရည်အသွေး၊ မြင့်မားမှသာ မိမိ၏ ဌာနအကျိုး၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့အတွက် အကျိုးရလဒ် ကောင်းများရရှိစေရေး ဦးတည်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာ စဉ်ဆက်မပြတ် လိုက်နာ၍ ဆတက်ထမ်းပိုး ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။ ထို့နောက် အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သော ဘင်းမ်စတက် လူငယ်ခေါင်းဆောင်မှု ဆိုင်ရာ ဖလှယ်ရေးအစီအစဉ်သို့ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ၁၀ ရက်တာ တက်ရောက်ခဲ့သည့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ လူငယ်ကိုယ်စားလှယ်များဖြစ်သော ဦးရဲထက်ပိုင်နှင့် ဒေါ်မီကိုခန့်တို့က မိမိတို့၏ အတွေ့အကြုံဗဟုသုတများကို Powerpoint များ၊ Video Clip များ၊ မှတ်တမ်းဓါတ်ပုံများဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်၊ ကယန်း၊ ဗမာ၊ လီဆူနှင့် အင်းသား တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ (၉) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်း အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀) စီမံချက်ဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေပါ အသင်းအဖွဲ့ မတည်ငွေထားရှိ ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု များကို အဆင့်မြှင့်တင်ဖော်ထုတ်ရာတွင် ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေဘဲ အထူးသတိပြု ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ၊ ဆရာမများ ပိုမိုခန့်ထားနိုင်ရေးအတွက်လည်း ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့် လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးရုံးများက ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း များနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထား မှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ မိမိတို့၏ ကြုံတွေ့ နေရသည့်အခက်အခဲများကို ပွင့်လင်းစွာတင်ပြစေလိုပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာမှတ်သားပြီး သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တွေ့ဆုံဆွေးနွေးပြောကြားရာတွင် ရှမ်းပြည်နယ်သည် အလွန်ကျယ်ပြန့်သည့်အတွက် တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရုံးခွဲ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရုံးခွဲနှင့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင် လည်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသတွင် Documentary Video များ ရိုက်ကူးဆောင်ရွက်ရာတွင် အခြားတိုင်းရင်းသားလူမျိုးများကို ထိခိုက်စေမည့် အကြောင်းအရာများ ရှောင်ရှားရန်နှင့် ဦးစီးဌာနဝန်ထမ်းများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များကလည်း သေချာစိစစ်ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် မိမိတို့ လူမျိုး၊ အဖွဲ့အစည်းများ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ ပါသည်။ ၎င်းနောက် ကချင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကိန်မိုင်၊ ကယန်း(ခ) ပဒေါင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်၊ လီဆူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင်နှင့် အင်းသား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ တို့က တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြပါသည်။ ယင်းနောက် ရှမ်း၊ ၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ကချင်၊ လီဆူ၊ ကိုးကန့်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအား အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ချီးမြှင့်ငွေများပေးအပ် ခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ အင်းသား တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိ သူများလိုက်ပါလျက် မေလ (၈) ရက်နေ့ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀)စီမံချက်ဖြင့် ဒေသခံတိုင်းရင်းသားများအား အသက်မွေး ဝမ်းကျောင်းပညာအဖြစ် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ကွန်ပျူတာသင်တန်း ၂ / ၂၀၂၆ ကွန်ပျူတာသင်တန်း စာတွေ့/လက်တွေ့ သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းသူ/သားများအား အားပေးစကားပြောကြားပါသည်။ ဆက်လက်ပြီး သင်တန်းစင်တာ ပင်မလေးထပ်အဆောက်အဦအတွင်း ၂၀၂၅ ခုနှစ် မန္တလေးငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးမှုများအပေါ် ပြုပြင်ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ သင်တန်းသူ/သား အိပ်ဆောင်များ၊ သင်တန်းခန်းမဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူ/သား များ၏ ထမင်းစား ခန်းမဆောင်နှင့် အလုပ်ရုံအဆောင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်း လတ်ဆတ်သော အစားအသောက်များဖြစ်စေရေး တာဝန်ရှိသူများက အထူးဂရုပြု ကြီးကြပ် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းစင်တာခန်းမဆောင်အတွင်း ဝန်ထမ်းများ သင်တန်းသူ/သားများနှင့် တွေ့ဆုံပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းစင်တာ လုပ်ငန်းဆောင်ရွက် နေမှုများ၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သွားမည့်သင်တန်းများနှင့်စပ်လျဉ်းပြီး Power Point ဖြင့် ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် ဘဏ္ဍာရှာဖွေပေးသည့်ဌာနမဟုတ်သကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးရသည့်ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ သင်တန်းစင်တာအနေဖြင့် ဒေသခံ တိုင်းရင်းသားများ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်အတွက် ဒေသနှင့် သင့်လျော်သည့် သင်တန်းများဖွင့်လှစ်ပေးပြီး ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရန်လိုပါကြောင်း၊ ဒေသခံလူငယ်များအား သင်တန်းများဖွင့်လှစ်ပေး ခြင်းသည် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းမှ နိုင်ငံတော်အေးချမ်းမည်ဖြစ်ပြီး နိုင်ငံတော်ငြိမ်းချမ်းမှ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မိမိတို့ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက ဝန်ထမ်းများနှင့် သင်တန်းသူ/သားများအား တွေ့ဆုံအားပေးစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဌာနက ပေးအပ်သည့် တာဝန်များကို စေတနာထား ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသူ/သားများအနေဖြင့်လည်း သင်တန်းကာလအတွင်း စာတွေ့/လက်တွေ့ပိုချမှု များအား သေချာလေ့လာမှတ်သားသင်ယူပြီး အကျိုးရှိရှိပြန်လည်အသုံးချတတ်ရန် လိုပါကြောင်း၊ လူငယ်များသည် နောင်အနာဂတ် နိုင်ငံတော်၏ ခေါင်းဆောင်များပင်ဖြစ်သည့် အတွက် အစဉ်တစိုက် ကြိုးစားသင်ယူသွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပါသည်။ ယင်းနောက် အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ခံတို့က နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးသည် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်အား ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ရွှေနှင့် အဖွဲ့ဝင် ဦးခင်ဇော်တို့က ယနေ့ နေ့လယ် ၁၅:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်၍ ဂါရဝပြု တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံကြစဉ် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ရေး၊ အပြန်အလှန် အထောက်အကူပြုရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့်အတူ မေလ ၁ ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)နှင့် နေ့လယ်ပိုင်း၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများသို့ သွားရောက်၍ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် မိမိတို့ ရာထူးအဆင့်နှင့် လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင် ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင် ရွက်သွားရန် လိုအပ်ပါကြောင်း၊ရက်ပေါင်း(၁၀၀)အတွင်း ဆောင်ရွက် သွားမည့် လုပ်ငန်းဆောင်ရွက်ချက်များကို အလေးထား လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာ သုံးစွဲကြရန်၊ ရုံးနှင့်တိုင်းရင်းသား ရိုးရာအိမ်များ၏ ဥပဓိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာ ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက တိုင်းရင်းသား ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ တာဝန်ယူကြီးကြပ်သူ ညွှန်ကြားရေးမှူးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာရှိ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရက်ပေါင်း (၁၀ဝ)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသား ရိုးရာအိမ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အကြီးစားပြုပြင်မွမ်းမံရန် လိုအပ်လျက် ရှိသည့် သန်လျင်မြို့နယ် ၊ အမှုထမ်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ ပြုပြင်မွမ်းမံနိုင်ရေးလုပ်ငန်းများ အမြန်အကောင်အထည်ဖော်ဆောင်ရွက် သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် ဆန်းသစ်တီထွင်မှုသည် ရိုးရာကို မကျော်လွန် စေရေးအတွက် လွန်စွာအရေးကြီးပါသဖြင့် အထူးသတိပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ရက်(၁၀၀) ကာလအတွင်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးသင်တန်းများ ရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲများ၊ လေ့လာရေး ခရီးစဉ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲများ၊ တိုင်းရင်းသားဒေသများအရောက် ဆောင်ရွက်လျက်ရှိသည့် အသက်မွေးဝမ်းကြောင်း သင်တန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ရက်ပေါင်း(၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညွှန်ကြားရေးမှူးရုံးဝန်းရှိ ခြံစည်းရိုးအဟောင်း ဖြိုဖျက်၍ ခြံစည်းရိုးအသစ်ဆောင်ရွက်မည့်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဝန်ထမ်းအိမ်ရာ တိုက်အမှတ် ၂၂၁၆ အနီရောင် အဆင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။ ဦးစွာ Noble Swamm ကုမ္ပဏီမှ တာဝန်ရှိသူများက တိုက် ၂၂၁၆ ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းများကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး အဆောက်အဦကို ငလျင်ဒဏ်ခံနိုင်မှု ရစ်ချ်တာစကေး ၈ အဆင့်အထိ ခံနိုင်ရည်ရှိရန် Strengthening design ဖြင့် Retrofitting ပြုလုပ်လျက်ရှိကြောင်းနှင့် အဆောက်အဦ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ အဆောက်အဦ ပြင်ဆင် ဆောင်ရွက်လျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောလျင်စွာပြီးစီးရေး၊ ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ဖြစ်သည့်အတွက် စေတနာထား ဆောင်ရွက်ရေး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရုံးမြေဧရိယာအတွင်း၌ ဆောက်လုပ်ထားသော ငလျင်ဒဏ်သင့် ဝန်ထမ်းများ ယာယီနေထိုင်ရာ Container House များတွင် ဝန်ထမ်းများမိသားစုအလိုက် နေအိမ်နေထိုင်မှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများအနေဖြင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်ကြစေရေး မှာကြားပြီး အားပေးစကား ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။ ယင်းနောက် နေ့လယ်ပိုင်းတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနှင့် တိုင်းရင်းသားရေးရာလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က Online စနစ်ဖြင့် တက်ရောက်ကြပါသည်။ အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားရေးရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တိုင်းရင်းသားရေးရာလုပ်ငန်းများ ဆောင်ရွက်မှုနှင့် သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့သို့ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရန် ညှိနှိုင်းနိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ပြီး တာဝန်ရှိသူများအားလုံးအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုးဘာသာ၊ သာသနာ၊ စာပေယဉ်ကျေးမှုများ မှေးမှိန်မပျောက်ပျက်စေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကိုရှေးရှု၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားပါသည်။ ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတို့က Online စနစ်ဖြင့်ဆွေးနွေးကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဆက်လက်ဆွေးနွေးကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပါသည်။ ၎င်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညို၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)တို့မှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၀-၄-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အစည်းအဝေး၊ ယင်းနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားနှင့် (၂၁-၄-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတို့တွင် ပြောကြား ခဲ့သည့် လမ်းညွှန်မှာကြားချက်များကို ဝန်ထမ်းများ အားလုံးသိရှိလိုက်နာပြီး အလေးအနက်ထား ဆောင်ရွက်ကြရန် ယခုကဲ့သို့ ထပ်ဆင့်ရှင်းလင်းခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အဓိကထားမှာကြားပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အပြန်အလှန် အမှီသဟဲပြုနေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကထက် ပိုမိုအားသွန်ခွန်စိုက် ကြိုးပမ်းပြီး လာမည့် ရက်(၁၀၀)အတွင်း ထိရောက်သည့် အောင်မြင်မှုရရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး အရည်အချင်းပြည်ဝစွာဖြင့် စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်ပြီး တစ်ဦးချင်းကောင်းမှ အဖွဲ့အစည်းကောင်းမည်ဖြစ်၍ အဖွဲ့အစည်းကောင်းမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ ဥပဒေ၊ နည်းဥပဒေများ ကိုလည်း ကျေကျေညက်ညက် လေ့လာပြီး နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် ဝန်ထမ်းများအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့၊ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၂:၀၀) နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုနှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ အေးမြရွှေပြည် ကျောင်းတိုက်မှ ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပါသည်။ ဦးစွာ နမောတဿ ၃ ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ အေးမြရွှေပြည်ကျောင်းတိုက် ဆရာတော် ဦးမဉ္ဇူသကထံမှ ငါးပါးသီလ ခံယူပြီး ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ပွားသရဇ္စျယ်တော်မူကြရာ ဧည့်ပရိတ်သတ်များက နာယူကြည်ညိုကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုနှင့်ဇနီး နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နဝကမ္မ အလှူငွေနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ကောင်းမှုကုသိုလ်များအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ သာဓုအနုမောဒနာ ခေါ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။ ရှင်းလင်းပြောကြား တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေး၊ ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ရှင်သန်စေရေး၊ တိုင်းရင်းသားများ၏ အခွင့် အရေးကို ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း အပြည့်အဝခံစားရရှိစေရေး၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားဘာသာစာပေသင်ကြားရေး အထောက်အကူပြု ဆရာ၊ ဆရာမများနှင့် တိုင်းရင်သားစာပေသင် ဆရာ၊ ဆရာမများကို လစာ တိုးမြှင့်ပေးရေးနှင့် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၏ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဖြည့်စွက် ပြောကြား သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းဖွဲ့များနှင့် ဝန်ထမ်းများကို ချီးမြှင့်ငွေများ ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ရောက်ရှိရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ပို့ချမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ လှည့်လည်ကြည့်ရှုစစ်ဆေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး သင်တန်းကျောင်း ဝန်ထမ်းများနှင့် သင်တန်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ကာ သင်တန်းသူအိပ်ဆောင်၊ သင်တန်းခန်းမ၊ မော်တာဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို တိကျလိုက်နာ၍ အဂတိတရားကင်းရှင်းစွာဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဒေသခံပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ ၄ ရပ်ဖြစ်သည့် နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်း သားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးစသည့် မူဝါဒများနှင့်အညီ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ် (MOI)
ဆက်လက်ဖတ်ရှုပါရန်