၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လအတွင်းလုပ်ငန်းဆောင်ရွက်ချက်များ
Image

၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ်()လအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ

Ø    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနက Online Learning စနစ်ဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့သည့် e -Government နှင့် ICT ဆိုင်ရာ သင်တန်းအမျိုးအစား ၅ ခု (၇ ကြိမ်)သို့ ဝန်ကြီးဌာနမှ အရာထမ်း ၁ ဦး၊ အမှုထမ်း ၇ ဦး တက်ရောက်ခဲ့ပါသည်။

Ø    တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် GPMS (Government Personal Management System) တွင် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို Data Entry ပြုလုပ်လျက်ရှိပါသည်။

Ø    Electronic Document Management System - EDMS ဖြင့် ဝန်ကြီးဌာနများ အချင်းချင်း သာမန်ရုံးစာများအား စာလက်ခံခြင်း၊ ပေးပို့ခြင်းများကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်ခဲ့ပြီး သတင်းအချက်အလက်များလုံခြုံမှုရှိစေရန်အတွက် EDMS User Name (admin, Messenger etc.) များ၏ password များကိုလည်း ပြောင်းလဲ ထားရှိပြီးဖြစ်ပါသည်။ ၎င်းအပြင် ဝန်ကြီး ဌာန အတွင်း/အပြင် ရုံးကိစ္စများကို e-Mail ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးဌာန အသီးသီး အတွက် ကိုယ်ပိုင် Webmail account ၈၂ ခု ဖြင့် သီးခြားသတ်မှတ် သုံးစွဲခဲ့ပါသည်။

Ø    ဝန်ကြီးဌာနအနေဖြင့် ယခုကာလအတွင်း ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြောင်းလဲလာသည့် ရုံးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု ပုံစံများအရ အစည်းအဝေးများ ကျင်းပခြင်း၊ သင်တန်းများတက်ရောက်ခြင်း၊ သတင်းအချက်အလက် ဖလှယ်ခြင်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းအချို့တို့ကို Internet အသုံးပြုလျက် Online စနစ်များ ဖြင့် ပြောင်းလဲကျင့်သုံး ဆောင်ရွက်နိုင်ခဲ့ပါသည်။

Ø    ပြောင်းလဲကျင့်သုံးလာသည့် ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးအစီအမံများအရ အစည်းအဝေးများကို Zoom Cloud Meetings (Video Conferencing) စနစ်ဖြင့် ပြုလုပ် နိုင်ရန်အတွက် Telycam USB HD Video Camera၊ ၎င်းဆက်စပ်ပစ္စည်းများအား ဝယ်ယူဖြည့်တင်းခြင်းနှင့် Video Conferencing (Polycom)ကိုလည်း တပ်ဆင်နိုင် ခဲ့ပါသည်။

Ø    ဝန်ကြီးဌာန၏ သတင်းအချက်အလက်နှင့် ဆောင်ရွက်ချက်များကို အများပြည်သူများ ကြည့်ရှု လေ့လာသိရှိနိုင်ရန်အတွက် Ministry of Ethnic Affairs Myanmar အမည်ရှိ Facebook Page နှင့်ဝန်ကြီးဌာန Website ဖြစ်သည့် www.moea.gov.mm တွင် အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ထားပြီးဖြစ်ပါသည်။ ဝန်ကြီးဌာန၏ တင်ဒါဖိတ်ခေါ်ခြင်း၊ တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း၊ အလုပ်လျှောက်လွှာများ ခေါ်ယူခြင်း၊ ရေးဖြေ၊ နှုတ်ဖြေအောင်မြင်ကြောင်း ကြေညာခြင်းစသည့် ဌာနတွင်းလုပ်ငန်းဆောင်ရွက်ချက်များကိုလည်း အများပြည်သူအကြား ပွင့်လင်းမြင်သာမှုရှိစေရန် ဝန်ကြီးဌာန Website နှင့် Facebook Page တို့တွင်လွှင့်တင်ခဲ့ပါသည်။

Image