တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းအိမ်ရာ များအား ကြည့်ရှုစစ်ဆေး၊ ဝန်ထမ်းမိသားစုများအား တွေ့ဆုံအားပေး
နေပြည်တော် 2025-03-31
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၂၉) ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းများနေထိုင်သည့် တိုက်အမှတ် ၂၂၁၆၊ ၃၃၁၀၂၊ ၃၃၁၀၄ နှင့် ၃၃၁၁၇ အိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းအိမ်ရာများတွင် ထိခိုက်ပျက်စီးမှုများရှိသဖြင့် ပစ္စည်း၊ ပရိဘောဂများအား လုံခြုံသည့်နေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းပေးနိုင်ရေးနှင့် ဝန်ထမ်းမိသားစုများ ဘေးကင်းလုံခြုံမှုရှိသည့်နေရာသို့ ယာယီ ရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် ပစ္စည်းများအားစုစည်းသိမ်းဆည်းထားရန် တာဝန်ရှိသူများ အား မှာကြားပြီး ဝိုင်းဝန်းကူညီပြောင်းရွှေ့မှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် ဒီဇင်ဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ဝန်ထမ်းများနေထိုင်သည့် အိမ်ရာများသို့သွားရောက်ပြီး လတ်တလော နေထိုင်စားသောက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ သောက်သုံးရေနှင့် စားနပ်ရိက္ခာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

          အလားတူ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့တို့သည် ဒီဇင်ဘာလ (၃၁) ရက်နေ့ ယနေ့နံနက်ပိုင်းတွင် ဝန်ထမ်းများနေထိုင်သည့် တိုက်အမှတ် ၂၂၁၆၊ ၃၃၁၀၂၊ ၃၃၁၀၄နှင့် ၃၃၁၁၇ အိမ်ရာများသို့ ထပ်မံသွားရောက်ပြီး ဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားပြောကြားကာ လက်ရှိနေထိုင်သည့်နေရာများမှ ဝန်ကြီးဌာန ရုံးအတွင်းသို့ ပြောင်းရွှေ့နေထိုင်နိုင်ရေး စီမံဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ ထောက်ပံ့ငွေများ၊ ဆန်၊ ကြက်ဥ၊ မီးသွေးများနှင့် ရေသန့်ကဒ်များကို ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိ ပါသည်။ 

Image