နိုင်ငံတော်သမ္မတ၏ ပြည်သူအတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် “လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၄-၅-၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာအုပ်စု၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေး စင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီးနောက် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၄-၅-၂၀၂၆) ရက်နေ့မှ (၁၆-၅-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ အမွှေးဆီနှင့် မျက်နှာသစ် ဆပ်ပြာခဲထုတ်လုပ်နည်းများ၊ စားသောက်ကုန်များဖြစ်သည့် ကြက်သားဒံပေါက်၊ မုန်လာဥနီရွှေကြည်၊ ခင်လေးပူဆာ၊ လေးထပ်ကျောက်ကျောနှင့် ကြက်ဥကျောက်ကျောပြုလုပ်နည်းများကို စာတွေ့ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကာ ကျုံဝါးရွာမှ ကရင်တိုင်းရင်းသား သင်တန်းသား/သူ (၂၄) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “အခြေခံနှင့် အဆင့်မြင့်ကွန်ပျူတာသင်တန်းများနှင့် ခြင်းတောင်းရက်သင်တန်း” များဖွင့်ပွဲ အခမ်းအနားကို (၁၃-၅-၂၀၂၆) ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ တက်ရောက်လာသည့် သင်တန်းသား/ သင်တန်းသူများနှင့် ဒေသခံများအား အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်းနှင့် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများနှင့် သင်တန်းမှရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခြေခံကွန်ပျူတာသင်တန်းကို (၁၃-၅-၂၀၂၆) ရက်နေ့မှ (၁၂-၆-၂၀၂၆) အထိ သင်တန်းသား(၁၆) ဦး၊ သင်တန်းသူ(၁၄) ဦး စုစုပေါင်း (၃၀) ဦးဖြင့် လည်းကောင်း၊ ခြင်းတောင်းရက်သင်တန်းကို (၁၃-၅-၂၀၂၆) ရက်နေ့မှ (၁၇-၅-၂၀၂၆) ရက်နေ့အထိ သင်တန်းသူ (၂၀) ဦးဖြင့်လည်းကောင်း၊ အဆင်မြင့်ကွန်ပျူတာသင်တန်းကို (၁၂-၆-၂၀၂၆) ရက်နေ့မှ (၁၃-၇-၂၀၂၆) ရက်နေ့အထိ သင်တန်းသား(၁၆) ဦး၊ သင်တန်းသူ(၁၄) ဦး စုစုပေါင်း (၃၀) ဦးဖြင့် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်ရည်ရွယ်ချက်ဖြင့် "အခြေခံစက်ချုပ်သင်တန်း"ဖွင့်ပွဲအခမ်းအနားကို (၁၁-၅-၂၀၂၆) ရက်နေတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ လူငယ်စင်တာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား‌လူမျိုးရေးရာ ဝန်ကြီး ဦး‌စောလင်းအောင်က အခြေခံစက်ချုပ်သင်တန်းတက်ရောက်မည့် သင်တန်းသူများ အား အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အခမ်း အနားသို့ တက်ရောက်လာကြသူများက “အခြေခံစက်ချုပ်သင်တန်း” အတွက် သင်ထောက်ကူ ပစ္စည်းများ ခင်းကျင်းပြသထားမှုအား ကြည့်ရှု့ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ “အခြေခံစက်ချုပ်သင်တန်း"ကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၃၀-၅-၂၀၂၆) ရက်နေ့အထိ (၂၀) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး လက်ပြတ်(ရင်စေ့)၊ ခေါင်းစွပ်လက်ပြတ်၊ ရင်စေ့ လက်ဆက်၊ ရင်ဖုံးလက်ဖောင်း၊ ဂျပန်ကော်လံထောင်၊ နောက်ကွဲဇစ်(ပုံစံအမျိုးမျိုး)၊ စတစ်ကော်လံ(လက်ဖောင်း/ ရိုးရိုး)၊ ဟာဝေယံရှပ်၊ ညဝတ်ဘောင်းဘီ၊ ချိတ်ထမီ၊ သုံးလွှာ စကပ်ချုပ်နည်း စသည်တို့ကို စာတွေ့၊ လက်တွေ့သင်ကြားသွားမည်ဖြစ်ပ်ြီး အင်းတကော် ဒေသအတွင်းရှိ ကရင်တိုင်းရင်းသား သင်တန်းသူ (၂၀)ဦးတက်ရောက် သင်ကြားလျက်ရှိ ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် “အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်း အနားကို (၁၁-၅-၂၀၂၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၊ ဒိုင်းပြဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မင်းမျိုးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက သင်တန်းနည်းပြအား ချီးမြှင့်ငွေ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၁၇-၅-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ် ပို့ချမည်ဖြစ်ပြီး သစ်သီးယိုစုံများ၊ ဖျော်ရည်အမျိုးမျိုး၊ မြေပဲယို၊ နှမ်းယိုနှင့် ဂျယ်လီ အမျိုးမျိုး ပြုလုပ်မှုနည်းပညာများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ဒိုင်းပြ ကျေးရွာမှ ဒေသခံတိုင်းရင်းသား (၁၀) နှင့် တိုင်းရင်းသူ(၂၀) ဦး စုစုပေါင်း (၃၀) ဦး တက်ရောက် လျက်ရှိ ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် “အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၁-၅-၂၀၂၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ၊ ဘုန်းကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မင်းမျိုးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၁၅-၅-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဘက်စုံသုံးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ ခေါင်းလျှော် ဆပ်ပြာဆီ၊ ဆပ်ပြာအကြည်ခဲအမျိုးမျိုးထုတ်လုပ်မှုနည်းပညာများအား စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကာ ကမော့ကချူးကျေးရွာမှ ဒေသခံတိုင်းရင်းသား သင်တန်းသူ (၃၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အစိုးရသစ်၏ ပထမရက်ပေါင်း(၁၀၀)အတွင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန က တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကွန်ပျူတာသင်တန်း(၂/၂၀၂၆)ကို (၄-၅-၂၀၂၆)ရက်နေ့ မှ (၄-၆-၂၀၂၆) ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ အဆိုပါသင်တန်းကို ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကယန်း၊ ဗမာ၊ အင်းသား၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ရှမ်း၊ပလောင်၊ လီဆူ၊ ကရင် တိုင်းရင်းသား (၂၀)ဦး တို့က တက်ရောက်သင်ယူလျက်ရှိပါသည်။ ၎င်းအပြင် တိုင်းရင်းသားများမုန့်မျိုးစုံထုတ်လုပ်နိုင်သော အသက်မွေးဝမ်းကျောင်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း(၄/၂၀၂၆) ကို (၂၆-၅-၂၀၂၆) ရက်နေ့မှ (၄-၆-၂၀၂၆) ရက်နေ့အတွင်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် “တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို (၅-၅-၂၀၂၆) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင် ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး မိမြတ်ခတ္တာသင်း၊ သထုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီစိုး၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့ငြိမ်းနှင့် သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူစင်ဖွေးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါ သည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့်ပုံစံများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၆၀)ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်းက အသိပညာပေးဟောပြောသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ/ဆရာမများနှင့် တိုင်းရင်းသားလူငယ်များ အတွက် “ကွန်ပျူတာ အခြေခံသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အလှခြင်းရက်သင်တန်းနှင့် BOW ကလစ်သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး လူငယ်စင်တာတွင် ၁၈-၃-၂၀၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများနှင့် တိုင်းရင်းသား လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ “ကွန်ပျူတာ အခြေခံ သင်တန်းကို (၂၇-၂-၂၀၂၆) ရက်နေ့မှ (၁၈-၃-၂၀၂၆) ရက်နေ့အထိလည်းကောင်း၊ အခြေခံ စက်ချုပ်သင်တန်းကို (၃၀-၁-၂၀၂၆) ရက်နေ့မှ (၂၀-၂-၂၀၂၆) ရက်နေ့အထိ လည်းကောင်း၊ အလှခြင်းရက်နှင့် Bow ကလစ်ပြုလုပ်နည်း သင်တန်းကို (၉-၃-၂၀၂၆) ရက်နေ့မှ (၁၆-၃-၂၀၂၆) ရက်နေ့အထိလည်းကောင်း သင်ကြားပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းများအတွက် သင်တန်းဆင်းပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ နှင့် ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြများအား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခြင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ကွန်ပျူတာအခြေခံသင်တန်းသား/သူများ ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က အခြေခံစက်ချုပ်၊ အလှခြင်းရက်နှင့် Bow ကလစ်ပြုလုပ်နည်း သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားပြီးမြောက်ကြောင်း ကြေငြာခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အခြေခံစက်ချုပ်၊ အလှခြင်းရက် နှင့် Bow ကလစ်ပြုလုပ်နည်း သင်တန်းသား/သူများ၏ အင်္ကျီ၊ အလှခြင်းများ၊ Bow ကလစ် အနုပညာလက်ရာများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးကြီးကြပ်မှုအောက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင် မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း(၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို (၁၅-၃-၂၀၂၆)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက အမှာစကားပြောကြားပါသည်။ အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်း (၂/၂၀၂၆) မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် ထောက်ပံ့ပစ္စည်းများ၊ သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း(၂/၂၀၂၆)တွင် ရှမ်း၊ ဗမာ၊ ပအိုဝ်း၊ အင်းသား၊ ပလောင်၊ ကရင်၊ လီဆူ၊ ကိုးကန့်၊ ရခိုင် စသည့်တိုင်းရင်းသားလူမျိုး စုစုပေါင်း (၂၀)ဦး တက်ရောက်သင်ယူခဲ့ပြီး (၆-၃-၂၀၂၆) ရက်နေ့မှ (၁၅-၃-၂၀၂၆) ရက်နေ့အထိ (၁၀)ရက်တိတိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၆)၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း (၁/၂၀၂၆) နှင့် မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း (၁/၂၀၂၆) သင်တန်းများဆင်းပွဲ အခမ်းအနားကို (၄-၃-၂၀၂၆) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာအရာရှိများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြပြီး ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ အမှာစကားပြော ကြားခဲ့ပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၆)မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်နှင့် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား ဆုချီးမြှင့်ခြင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဆိုင်ကယ်စက်ပြင်သင်တန်း (၁/၂၀၂၆)နှင့် မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း (၁/၂၀၂၆)မှ သင်တန်းသား၊ သင်တန်းသူများ သင်တန်းဆင်းလက်မှတ်နှင့်ထောက်ပံ့ ပစ္စည်းများကိုလည်းကောင်း ပေးအပ် ခဲ့ပြီး၊ သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို က ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းများတွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ယင်းကြား၊ ပလောင်၊ လားဟူ၊ ချင်း၊ ကချင်၊ ကရင်၊ ဂေဘား၊ ကယား၊ လီဆူ၊ ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်း(၁)ခုလျှင် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးစီဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်စက်ချုပ် သင်တန်းဆင်းပွဲအခမ်းအနားကို (၂၇-၂-၂၀၂၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းဂုဏ်ပြု လက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြဆရာမများအား ထောက်ပံ့ငွေနှင့် ဂုဏ်ပြုလက်မှတ်ပေး အပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ယခု သင်တန်းကို (၁၂-၁-၂၀၂၆)ရက်နေ့မှ (၂၀-၂-၂၀၂၆) ရက်နေ့ အထိ (၁)လကြာ သင်ကြားပို့ချခဲ့ပြီး သင်တန်းသူစုစုပေါင်း(၃၀)ဦး တက်ရောက်သင်ကြား အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၁၉-၂-၂၀၂၆) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံကကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး မိမြတ်ခတ္တာသင်း၊ သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူစင်ဖွေး၊ ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းဇော်၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းကျော်တို့က အသီးသီးအသိပညာပေးရှင်းလင်းပြောကြားခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်း ကောက်ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့်ပုံစံများအား ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွန်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၆၀)ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများ ဖြေဆိုခဲ့ ကြပြီးနောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေစာအုပ်များ၊ လက်ကမ်း စာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးကဦးစီး၍ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာ အခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန် ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးခြင်းအစီအစဉ်ကို (၁၀-၂-၂၀၂၆) နေ့တွင် ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်း၊ ဘားအံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးဝင်းတင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်သူဇာ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဘားအံခရိုင်ဦးစီးဌာနမှူး ဒေါ်စိုးစိုးအေး၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဘားအံခရိုင် ဦးစီးဌာနမှူး ဦးကျော်ဆန်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်တို့က အသီးသီး အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြပြီးနောက် ကရင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ကရင်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် မေးခွန်းစစ်တမ်းများကို တက်ရောက်လာသူ (၁၁၀) ဦးအနက်မှ (၁၀၀) ဦးအား ကောက်ယူခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၆-၂-၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ ဧရာမင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျုံပျော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုး၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းထွန်းတို့က အသီးသီးအသိပညာပေးရှင်းလင်း ပြောကြားခဲ့ကြပါသည်။ ထို့နောက်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်၍ စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၇၆)ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများဖြေဆိုခဲ့ကြပါသည်။ ထိုအခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၃-၂-၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်း၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းထွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းတို့က အသီးသီးအသိပညာပေးရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်၍ စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၆၈)ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများဖြေဆိုခဲ့ကြပြီးနောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေစာအုပ် များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်