တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်အား ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥက္ကဋ္ဌနှင့် အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
- နေပြည်တော်
- 04 May 2026
ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်အား ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ရွှေနှင့် အဖွဲ့ဝင် ဦးခင်ဇော်တို့က ယနေ့ နေ့လယ် ၁၅:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်၍ ဂါရဝပြု တွေ့ဆုံခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံကြစဉ် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ရေး၊ အပြန်အလှန် အထောက်အကူပြုရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။