တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် အဆိုပါညွှန်ကြားရေးမှူးရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြာရာ ဝန်ထမ်းများ၏တင်ပြဆွေးနွေးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ နေလည်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဘက်စုံအဆင့်မြင့်တင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ တာဝန်ထမ်း ဆောင်နေသော ဝန်ထမ်းများနှင့် အဆိုပါ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသည် နိုင်ငံတော်အတွက် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သရုပ်ဖော်ပြသရာတွင် အဓိကကျသော ပုံရိပ်တစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုများ၊ ၎င်းတို့၏သမိုင်းအစဉ်အလာများ၊ ရိုးရာနေအိမ်များကို မူလရိုးရာအစဉ် အလာအတိုင်း မပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပြီး စဉ်ဆက် မပြတ်ပြုပြင်မွမ်းမံ ထိန်းသိမ်းကြရန်လိုအပ်ပါကြောင်း၊ အများပြည်သူများ စိတ်အပန်းဖြေ လေ့လာရန်နေရာတစ်ခုဖြစ်သည့်အတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာ လှပရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်အတွက် ဘဏ္ဍာငွေများရရှိနိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ တိုင်းရင်းသာကျေးရွာ အဆင့်မြှင့်တင်ရေး လုပ်ငန်းများ အောင်မြင် စွာဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း၊ တိုင်းရင်းသားကျေးရွာ (ရန်ကုန်)အား အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ တင်ပြဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံအရာရှိက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို power point ဖြင့်ရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီး တက်ရာက်လာသည့် လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်းက အထွေထွေဆွေးနွေးတင်ပြချက် များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကိုသိရှိပြီး ကျေပွန် အောင်ဆောင်ရွက်ကြရန်၊ လာရောက်လည်ပတ်ကြသော ပြည်သူများအား ဗဟုသုတများ ရရှိနိုင်ရေးအတွက် တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို ရှင်းလင်းပြသနိုင်ရေး ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ပုံရိပ်တစ်ခုဖြစ်သော ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အား ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် ဝန်ထမ်း များ၏ တင်ပြဆွေးနွေးမှုများအား ဒုတိယဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပထမဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များနှင့် ဆိပ်ခံဘောတံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်ပေး ခဲ့ပြီး လာရောက်လည်ပတ်ကြသော ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ ပါသည်။ ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် သန်လျင်မြို့ရှိ ဝန်ထမ်းအိမ်ရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် နိုင်ငံ့အကျိုးကြိုးစားဆောင်ရွက်ရန်မှာကြားပြီး ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်နှင့်အညီ ရက် (၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်လျက်ရှိ သော အခြေခံစက်ချုပ်သင်တန်းတက်ရောက်နေသည့် သင်တန်းသူများနှင့်တွေ့ဆုံ၍ စာတွေ့လက်တွေ့ ပို့ချမှု များကို လေ့လာမှတ်သာသင်ယူကြရန်နှင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရေး အရင်းအနှီးများရရှိရန် ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောကြား၍ ရုံးပတ်ဝန်းကျင်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာဟောပြောခြင်းအခမ်းအနားကို ယနေ့ညနေပိုင်း၌ ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မြန်မာနိုင်ငံတော်အလံအကြောင်း သိကောင်းစရာများကို Power Point ဖြင့် ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်အလံ၏ အတိုင်းအတာများ၊ အဓိပ္ပာယ်များကိုလည်းကောင်း၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတော် အလံဥပဒေ၊ နည်းဥပဒေများနှင့် ဥပဒေ၊ နည်းဥပဒေပါ လိုက်နာရန်အချက်များ၊ တားမြစ်ချက်နှင့်ပြစ်ဒဏ်များကိုလည်းကောင်း၊ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတော်အလံ သမိုင်းကြောင်းများကိုလည်းကောင်း၊ နိုင်ငံတော်အလံအလေးပြုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး နှင့် အဖွဲ့တို့ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် တိုင်း မီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် မီးသတ်တပ်ဖွဲ့က နိုင်ငံတော်အလံကို စုပေါင်း အလေးပြု ကြပြီး နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆)ချက်ကို ရွတ်ဆိုကြပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မီး ဆိုသည်မှာ အမျိုးအစား အမျိုးမျိုးရှိသကဲ့သို့ မသုံးတတ်လျှင် ဘေးဖြစ်စေတတ်ပြီး “မီးဘေးရှောင် မလောင်ခင်တား” ဆိုသည့် ဆောင်ပုဒ်အတိုင်း မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်များ ရေးဆွဲ၍ စနစ်တကျ ဇာတ်တိုက်လေ့ကျင့်ထားရန် လိုအပ်ပါကြောင်း၊ မီးလောင်မှုသည် အခြေအနေအမျိုးမျိုးတွင် ဖြစ်ပေါ်တတ်သဖြင့် မီးနှင့်ပတ်သက်၍ မပေါ့ဆကြရန်နှင့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများတွင်လည်း အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။ ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၊ ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ယင်းနောက် မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ဒုတိယဝန်ကြီးနှင့်အတူ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက ကြည့်ရှုအားပေးခဲ့ကြပြီး လက်တွေ့ပါဝင် စမ်းသပ်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ရခိုင်ပြည်နယ်မှ တိုက်ပွဲရှောင်ရန်ရောက်ရှိနေသည့် သက်တိုင်းရင်းသားလူမျိုးများနှင့် တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက သက်တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ သက်ဆိုင်ရာက ထုတ်ပြန် ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ သွားလာနေထိုင်ကြရန်၊ နိုင်ငံတော်မှ ဆောင်ရွက်လျှက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ သက်တိုင်းရင်းသားတွေ့ဆုံပွဲများ၊ နှီးနှောဖလှယ်ပွဲများ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် သက်တိုင်းရင်းသားလူမျိုးများက စာပေယဉ်ကျေးမှုကိစ္စရပ်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲများအားတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါ သည်။ ထို့နောက် ဒုတိယဝန်ကြီးက သက်တိုင်းရင်းသားလူမျိုး အိမ်ထောင်စု (၁၂၈)စုအား အိမ်ထောင်စု (၁)စုလျှင် (၅၀၀၀၀ိ/)ကျပ်နှုန်းဖြင့် စုစုပေါင်း (၆၄)သိန်း၊ ဇောတိကာရုံ ဘုန်းကြီး ကျောင်းအတွက် နဝကမ္မအလှူငွေ(၆)သိန်း စုစုပေါင်း(၇၀)သိန်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ သက်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေတိဂုံဘုရားအလယ်ပစ္စယံ အာဇာနည်လမ်းရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့(ရန်ကုန်)က (၅.၃.၂၀၂၆) ရက်နေ့တွင် ဦးဆောင်ကျင်းပပြုလုပ်မည့် (၃၉)ကြိမ်မြောက် ဂုဏဝိသိဌပူဇာမင်္ဂလာပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေးဂေါပကအဖွဲ့(ရန်ကုန်) ရခိုင်ပြည်နယ်မှ မြို့နယ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံအမှာစကား ပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေ့လည်ပိုင်း၌ ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရခိုင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ၊ ရခိုင်လူမှုရေးအသင်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ရှေ့ဦးစွာ ဒုတိယဝန်ကြီးက တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ ဆောင်ရွက်သွားရန်၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဥပဒေနှင့်အညီ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်၊ အသင်းအဖွဲ့များအနေဖြင့် မိမိတို့အသင်းများ၏ ရည်ရွယ်ချက်လုပ်ငန်းစဉ်များ လုပ်ကိုင်ရာဆောင်ရွက်ရာတွင် ဥပဒေဘောင်အတွင်း၌ ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးခိုင်မာရေး၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ မျိုးချစ်စိတ်ရှင်သန်ရေးအတွက် ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့ပထဝီနိုင်ငံရေး သဘောတရားများက မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများအား ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့ (၂၁) ဖွဲ့မှ တာဝန်ရှိသူများက တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆွေးနွေးတင်ပြပြီး လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန AI နည်းပညာအခြေခံ လုပ်ငန်းခွင်အသုံးချမှု သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် AI နည်းပညာအခြေခံ လုပ်ငန်းခွင် အသုံးချမှုသင်တန်း သည် ဝန်ထမ်းများ နေ့စဉ်အသုံးပြုနေသည့် Smart Phone၊ Computer တို့တွင် အင်တာနက်မှ အချက်အလက်များ ရှာဖွေဖတ်ရှုခြင်း၊ အွန်လိုင်းမှဈေးဝယ်ခြင်း၊ အပန်းဖြေခြင်းနှင့် မိမိတို့၏ နေ့စဉ်နေထိုင်မှုဘဝကို များစွာအထောက်အကူ ဖြစ်စေနိုင်ပါကြောင်း၊ တိုးတက်ပြောင်းလဲနေသော နည်းပညာများနှင့်အတူ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အရည်အချင်း အရည်အသွေးများကို အမြဲမပြတ်မြှင့်တင်နေကြရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် အသိပညာဗဟုသုတများကို မိမိတို့၏ နေ့စဉ် လုပ်ငန်းတာဝန်များတွင် အကျိုးရှိထိရောက်စွာ အသုံးချကြရန် မှာကြားလိုပါကြောင်း၊ ဝန်ထမ်းများ အနေနှင့် AI နည်းပညာကို အသုံးပြုသည့်အချိန်၌ နည်းပညာကို အပြည့်အဝ ယုံကြည် အားထား ခြင်းအပြင် လူသားများ၏ စဉ်းစားဆုံးဖြတ်နိုင်စွမ်း၊ တာဝန်ယူမှုနှင့် ကျင့်ဝတ်တို့ကို အခြေခံအနေဖြင့် သိရှိလိုက်နာကြရန်နှင့် နိုင်ငံတော်၏လျှို့ဝှက်ချက်၊ ဌာန၏လျှို့ဝှက်ချက်၊ သတင်းအချက်အလက် နှင့်ဒေတာလုံခြုံရေးကို အထူးဂရုပြု ထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ နည်းပညာ ဆိုသည်မှာ အမြဲတမ်း တိုးတက်ပြောင်းလဲနေသဖြင့် ယနေ့ရရှိထားသော အသိပညာများဖြင့်သာ ရပ်တန့်မနေဘဲ ဆက်လက် လေ့လာသင်ယူမှုများ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အမျိုးသား ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သင်တန်းနည်းပြဆရာများ၊ သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပါဝင်ဆောင်ရွက်ကြသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် သင်တန်းမှရရှိခဲ့သော အသိပညာများကို အခြေခံကာ မိမိတို့၏ လုပ်ငန်းခွင်များတွင် နည်းပညာကို အကျိုးရှိရှိ အသုံးချနိုင်ကြပြီး ဌာန၏စွမ်းဆောင်ရည်မြင့်မားရေးနှင့် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်အင်အားဖြည့်ပေးနိုင်ကြရန် တိုက်တွန်းပြောကြားပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူ တစ်ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြ ဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသား(၁)ဦးက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လယ်ပိုင်း၌ ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများနှင့်တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးက တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှု၍ ဆောင်ရွက်သွားရန်၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်၊ အသင်းအဖွဲ့များ အနေဖြင့် မိမိတို့အသင်းများ၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဉပဒေဘောင်အတွင်း၌ ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားရေးရာနှင့်ဖယ်ဒရယ်စနစ် အကြောင်းအရာများ၊ရွေးကောက်ပွဲအကြောင်းအရာများနှင့် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် မဲပေးဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုကြီးကြပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုကော်မတီများနှင့် တာဝန်ရှိသူများက လိုအပ်ချက်နှင့် ကူညီဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအား တိုင်းရင်းသားရေးရာ ကိစ္စများတွင် ဆောင်ရွက်နိုင်ရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးဦးဇော်အေးမောင်နှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေနှင့် သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ‌ဆောင်ရွက်မည့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (တောင်ငူ) စီမံကိန်း တည်ဆောက်မည့်မြေနေရာသို့ ၂၃-၁-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပဲခူးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ (တောင်ငူ) စီမံကိန်းမြေနေရာတွင် ဆောက်လုပ်မည့်အဆောက်အဦ နေရာချထားမှု အခြေအနေများ၊ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြင်ဆင်ထုတ်ပြန်ခဲ့သော Myanmar National Building Code (MNBC) 2025 Code Rule နှင့်အညီ အဆောက်အဦများဆောက်လုပ်နိုင်ရန် Soil Test စမ်းသပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မြေလွှာအခြေအနေများကို သိရှိနိုင်ရန် Geophysical Survey လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုနှင့် တာဝန်ရှိသူများ၊ Soil Test စမ်းသပ်ခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသော Myanmar Geotechnical Survey Group Co., Ltd မှ တာဝန်ရှိသူများက စီမံကိန်းမြေနေရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးမှ ဝန်ထမ်းများအား ဒုတိယဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားခဲ့ရာတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရှေးရှုဆောင်ရွက်ကြရန်နှင့် စီမံကိန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်‌အေးမောင်သည် ယနေ့ နံနက် ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများသည် သစ္စာ အဓိဌာန် (၆)ချက်ပါ “ကျွန်ုပ်တို့သည် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်” ဟူသော အချက်နှင့်အညီ နိုင်ငံတော်အပေါ် ကျေးဇူသစ္စာစောင့်သိရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန်များနှင့်အညီ ပြုမူနေထိုင်၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice- ICJ) နှင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (International Criminal Court- ICC)များ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ တရားသူကြီးများရွေးချယ်ခန့်ထားမှုနှင့် သက်တမ်းများ၊ အဆိုပါ တရားရုံးများ၏ တရားစီရင်ရေး လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်၊ စွဲဆိုနိုင်သော အမှုကိစ္စများ၊ စီရင်ချက်များနှင့် လိုက်နာဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ICJ နှင့် ICC အပြည်ပြည်ဆိုင်ရာတရားရုံးများတွင် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော အမှုများ၊ အခြေအနေများနှင့် ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်သီတာဦးနှင့် နိုင်ငံတကာမှ ငှားရမ်းထားသော Agent of Myanmar အဖွဲ့တို့က ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ဖတ်ရှုပါရန်
(၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင် အုန်း၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ Jeng Phang နော်တောင်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုး၊ ဗမာတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များ၊ ကရင်၊ ချင်းနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ဖတ်ကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြု စကားပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် MRTV DTH စလောင်းအစုံ ၃၀ နှင့် DVB T2 Set Top Box အလုံး ၂၀ ကို ပြည်နယ်အစိုးရအဖွဲ့ထံ လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မိသားစုများအတွက် MRTV DTH စလောင်းအစုံ ၃၀ နှင့် DVB T2 Set Top Box အလုံး ၂၀ ကို လှူဒါန်းရာ တိုင်းမှူးကလည်းကောင်း လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးတင်အောင်စန်းနှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက် လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)၊ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းချုပ်၊ ပင်လုံညီလာခံတွင် လက်မှတ် ရေးထိုးခဲ့ကြသည့် မိသားစုဝင်များ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသား မျိုးနွယ်စုဝင်များနှင့် မနောအက ဦးဆောင်သည့် နောင်ရှောင်ဆရာကြီးများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မနောကွင်း၌ ကျင်းပသည့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောပွဲတော်ဖွင့်ပွဲကို ရိုးရာ အစဉ်အလာနှင့်အညီ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ မနောအက စုပေါင်းဆင်နွှဲ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု ခြောက်မျိုး၊ ရှမ်းမျိုးနွယ်စု ငါးမျိုးနှင့် ဗမာ၊ ကရင်၊ ရခိုင်နှင့် ချင်းတိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိ မြို့ဖများနှင့် မနောအက ဦးဆောင်သူနောင်ရှောင် (Nau Shawng) များ၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအားလုံးတို့၏ စည်းလုံးညီညွတ်ခြင်းကို ထုတ်ဖော် ပြသသည့် မနောအကကို ရိုးရာအစဉ်အလာနှင့်အညီ အေးချမ်းပျော်ရွှင်စွာ စုပေါင်းပါဝင်ဆင်နွှဲကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်း အမှတ် ခင်းကျင်းပြသထားသော ဒေသထွက် MSME ပြခန်းများဖြစ်သည့် စိုက်ပျိုးရေး ထုတ်ကုန်ပြခန်း၊ ဒေသတွင်းမွေးမြူရေး ထုတ်ကုန်ပြခန်း၊ ဒေသထွက် အသုံးအဆောင်နှင့် အသင့်စား စားသောက်ကုန်ပြခန်း၊ ရိုးရာအဝတ်အထည်ထုတ်ကုန်ပြခန်း၊ တိုင်းရင်းဆေးနှင့် သစ်၊ ဝါး၊ ကြိမ်ထည်ထုတ်ကုန် အသုံးဆောင်ပြခန်း၊ ပယင်းနှင့် ကျောက်မျက်အချောထည် အသုံးဆောင်ပြခန်းတို့ကို စိတ်ဝင်တစားလှည့်လည်ကြည့်ရှု အားပေးကြသည်။ ထို့နောက် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် လူမှုရေး ကဏ္ဍများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင် လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ထူးဆောင် လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့် အပ်နှင်းနိုင်ရေး အတွက် လုပ်ငန်းကော်မတီဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ ဂုဏ်ထူးဆောင်လက်မှတ်ပေးအပ် ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု၊ စီးပွားရေး ဆိုင်ရာ ထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆု ပထမဆင့် ရရှိကြသူများအား ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင် ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ စီးပွားရေး ဆိုင်ရာ ထူးချွန်ဆုရရှိကြသူများ၊ အဆင့်မြင့်ပညာ၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ကြပြီး ဆုရရှိကြသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသော (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ကြသည်။ ဂုဏ်ပြုညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက်လာ ကြသူများနှင့်အတူ ညစာအတူတကွ သုံးဆောင်ကြပြီး ညစာသုံးဆောင်နေစဉ် ကချင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များ၏ ရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ကချင်ရိုးရာ ယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။ (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် အဖွဲ့သည် ယမန်နေ့က တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများ၊ စာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့များက လေဆိပ်၌ ရင်းနှီးပျူငှာစွာ ကြိုဆိုကြသည်။ ဂါရဝပြုပေးအပ် ထို့နောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် အဖွဲ့ဝင်များအား ကချင်ရိုးရာအင်္ကျီ၊ ရိုးရာဆောင်ဓား၊ ရိုးရာလွယ်အိတ်နှင့် ခေါင်းပေါင်းတို့ကို ဂါရဝပြုပေးအပ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီး ခြောက်ရက်အကြာ ဇန်နဝါရီ ၁၀ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ စဝ်ရွှေသိုက်ကိုယ်တိုင်တက်ရောက်၍ ကချင် ပြည်နယ် ကောင်စီညီလာခံကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ ကျင်းပကာ ကချင် ပြည်နယ် အစိုးရအဖွဲ့ကို ဖွဲ့စည်းပေးခဲ့သည့်အပြင် ထိုသို့ဖွဲ့စည်းခဲ့သည့် ဇန်နဝါရီ ၁၀ ရက်ကို ကချင်ပြည်နယ်နေ့ အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇၈) နှစ်မြောက် ရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်‌အေးမောင်သည် ယနေ့ မွန်းလွဲ ပိုင်းတွင် ကချင်ပြည်နယ်၊ ညွှန်ကြား‌ရေးမှူးရုံးရှိ ခန်းမဆောင်တွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ပထမဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူး အဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားရန်လိုပါကြောင်း ၊ နိုင်ငံ့တော် ဘတ်ဂျက်ရန်ပုံငွေများကိုလည်း အလေအလွင့်နည်းစေရန် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆)ချက်နှင့်အညီ ပြုမှုနေထိုင်၍ နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ဦးတည်ချက်(၄)ရပ်တို့နှင့်အညီ မိမိတို့ဝန်ကြီးဌာနကချမှတ် ထားသည့် ဆောင်ရွက်ရမည့်လုပ်ငန်းများကိုအားသွန်ခွန်စိုက် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များတွင်လည်း အတူတကွပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသား‌ရေးရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင်လည်း စည်းလုံး ညီညွှတ်စွာ ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ကချင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အ‌ရေးများကာကွယ်စောင့်ရှောက်‌ရေးဦးစီးဌာနတို့မှ ပြည်နယ်တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြ ခဲ့ကြသည့်အပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကျောက်ချက်)နှင့် (ရေဆင်း)တို့မှ ဆရာမများ ဦးဆောင်ပြီး Grade (6,7,8,11) တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀) ဦးတို့သည် (၇-၁-၂၀၂၆) ရက်နေ့နှင့် (၈-၁-၂၀၂၆) ရက်နေ့၌ ရုံးအမှတ်(၁၄)၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပြခန်းတွင် ခင်းကျင်းပြသထားသည့် တိုင်းရင်းသားလူမျိုးစုများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ တိုင်းရင်းသားရိုးရာအသုံးအဆောင်ပစ္စည်းများ၊ တူရိယာများကို စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်မှ တိုင်းရင်းသားလူမျိုးများ၏ သမိုင်းကြောင်းများ၊ ကျောင်းသားလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲရေးနှင့် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုး တိုးတက်စေရေးစသည့် ဗဟုသုတများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်မှ အခြေခံပညာအထက်ကျောင်း(ရေဆင်း)၊ ကျောင်း စာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ရာ ဆရာမများက လက်ခံရယူခဲ့ပါသည်။ ၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့ရိုးရာ ကြိုးဆွဲ ရုပ်သေးရုပ်အကနှင့် ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေပြီး ကျောင်းသား၊ ကျောင်းသူများကလည်း အတူတကွ ပူးပေါင်းပါဝင် ကပြခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်း သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းအခမ်းအနား(၆/၂၀၂၅)ကို ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လမ်းညွှန်အမှာစကား ပြောကြားပါသည်။ ထို့နောက် ဝန်ထမ်းဆန္ဒဖော်ထုတ်ခြင်းနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း(၅/၂၀၂၅)တွင် ဝန်ထမ်းများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ရှိ အရာထမ်း၊ အမှုထမ်း များက မိမိတို့၏ အခက်အခဲများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်း များအား သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်ဖတ်ရှုပါရန်
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ စင်တာဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင် ထားဝယ်မြို့ တိုင်းရင်းသားရေးရာစင်တာရုံး၌ ကျင်းပသည်။ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာတို့က တိုင်းရင်းသားရေးရာစင်တာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စင်တာဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။ ထို့နောက် အခမ်းအနားကို အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုတည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာစင်တာသည် တိုင်းရင်းသားများအားလုံးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေးရိပ်မြုံ တစ်ခုလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံးအတွက် စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ကိုးကွယ်သည့် ဘာသာ၊ သာသနာ၊ မိမိတို့၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရဆောင်ရွက် သောအခမ်းအနားများနှင့် နေ့ထူးနေ့မြတ် အခမ်းအနားများကို လွတ်လပ်စွာကျင်းပခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင်တိုင်းရင်းသားလူငယ်များ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသားအနုပညာနှင့် ယဉ်ကျေးမှုသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးက တိုင်းရင်းသားရေးရာစင်တာကို တနင်္သာရီတိုင်း ဒေသကြီးအပါအဝင် သုံးခု ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ စင်တာဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Successful TMA Co.,Ltd. မန်နေးဂျင်းဒါရိုက်တာက တိုင်းရင်းသားရေးရာစင်တာအား လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးက လက်ခံရယူသည်။ ဆက်လက်၍ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီးက ဖိတ်ကြားထားသော ဧည့်သည်တော်များအား စင်တာအထိမ်းအမှတ် အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုပါရန်